content top

Sunday, October 16, 2011

စကားပြောခြင်း

`ကျွန်တော့ကို ဘယ်လိုမြင်လဲ´
ကျွန်တော့သူငယ်ချင်းကို မေးလိုက်တာပါ။ သူက
    `ကောင်းပါတယ်..မဆိုးပါဘူး..´လို့ပြန်ပြောတယ်။
နောက်ပြီး `တစ်ခုပဲ ..အဲဒါဘာလဲဆိုတော့ မင်းက စိတ်မြန်တယ်..တခြားတော့ ဒီလောက်ကြီး မဟုတ်ပါဘူး´ လို့ဆက်ပြောတယ်ဗျ..။
    ဟုတ်လိုက်လေဗျာ..။ ကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးမှာ  အခက်အခဲတွေ၊ စိတ်ကသိကအောက်ဖြစ်တာတွေ၊အလိုမကျတာတွေ စတဲ ပြဿနာတွေ မရှိလေကောင်းလေ မဟုတ်လား။ ကျွန်တော်က အများကြီး လိုပါသေးတယ်။ ဒါပေမယ့် ဟာကွက်ကို ကျွန်တော့သူငယ်ချင်းက ထောက်ပြ ခဲ့တယ်လေ..။ `မင်းက စိတ်မြန်တယ်..´တဲ့။ သူပြောတာ ကျွန်တော့ကို ဆုံးဖြတ်တာမြန်တယ်လို့ ချီးကျူးတာမဟုတ်ဘူးဗျ..။
    ကျွန်တော် လူတစ်ယောက်ကို စကားပြောတဲ့အခါ ဒါမှမဟုတ် အဲဒီလူကို အလိုမကျတဲ့အခါ ပြောလိုက်တဲ့စကားဟာ ဘယ်ရောက်သွားလဲ.. ဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသိဘူး။ အဲလိုဆို တစ်ဖက်လူအတွက်  မကောင်းဘူးပေါ့။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ဘူးပေါ့။ ဒါပေမယ့် `စိတ်မြန်လက်မြန်´ဟာ ကျွန်တော့ရဲ့ ငယ်ပေါင်းလိုဖြစ်နေတော့ ပြင်ရခက် ခက်ပဲဗျ။ အဲဒါကြောင့် စိတ်ပိုင်းဖြတ်ရတော့မယ်ပေါ့..။
(၁) စကားကို ဆင်ခြင်ပြောမယ်။
(၂) ကိုယ့်ကြောင့် သူတစ်ပါး စိတ်မညစ်ညူးစေဘူး။
(၃) သူတစ်ပါးနဲ့ စကားလုမပြောဘူး။
(၄) အော်ကြီးဟစ်ကျယ်မပြောဘူး။
(၅) မလိုအပ်ပဲ မပြောဘူး။
    ဒီ(၅) ချက်လုံး ကျွန်တော်မလိုက်နာနိုင်သေးပေမယ့် အတတ်နိုင်ဆုံး ဆင်ခြင်ရမှာပဲ။
    စကားပြောခြင်းဟာ အင်မတန်အရေးကြီးတယ်လေ။ မသိဘဲနဲ့ ပြောတာဟာ လေလည်တာနဲ့တူတယ်လို့သိရင် နောက်ကို အာဖျံရွှီးမလုပ် တော့ဘူးပေါ့။ ထားပါတော့ဗျာ..။
    ကျွန်တော့စိတ်ဓာတ်တွေ မြင့်တက်လာဖို့ စိတ်အစာကျွေးတာပါ။
စိတ်အားတွေ မြင့်တက်လာမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်။ ယုံကြည်မှု ရှိလာတော့ ရင်ဆိုင်ဖြေရှင်းရဲလာမယ်။ ဘယ်သူ့ကို မှ မကြောက်တော့ရင် လုပ်တိုင်းအောင်မြင်နိုင်တာပေါ့..။
    ဒီတော့စကားပြောစွမ်းရည်ကို ကျွမ်းကျင်အောင် ကျင်လည်အောင် ၊လိမ္မာအောင် လေ့ကျင့်သင့်တယ်လို့ထင်ပါတယ်..။
    ဒီနေ့ဟာ ၀ါဆိုလပြည့်နေ့ အဖိတ်နေ့ဖြစ်သလို ကျွန်တော့နှလုံး သားထဲက ခွန်အားတွေလည်း ပြည့်ဖြိုးပြီး ဖိတ်ကျံသည်အထိ စိတ်တန်ခိုးများ မြင့်တက်လာရန်ဟု............


(ရေးထားတာတော့ ကြာပါဘီ..)

2 comments:

စံပယ်ချို said... Reply To This Comment

(၁) စကားကို ဆင်ခြင်ပြောမယ်။
(၂) ကိုယ့်ကြောင့် သူတစ်ပါး စိတ်မညစ်ညူးစေဘူး။
(၃) သူတစ်ပါးနဲ့ စကားလုမပြောဘူး။
(၄) အော်ကြီးဟစ်ကျယ်မပြောဘူး။
(၅) မလိုအပ်ပဲ မပြောဘူး။
အားလုံးကောင်းတယ်နော်မှတ်ထားပါ့မယ်...

Green said... Reply To This Comment

ဟုတ်ကဲ့ jasmine ဗျ ကျေးဇူးတင်ပါတယ်ဗျာ အားပေးတဲ့အတွက်ပေါ့..။

Post a Comment


facebook comment


content top