content top

Friday, January 11, 2013

မဆိုင်ရင် အသာနေ

တစ်ခါက ထမင်းဆိုင်တစ်ဆိုင်မှာ ပုံမှန် ၀က်သားဟင်းနဲ့ပဲ လာစားနေကျသူတစ်ယောက်ရှိသည်။
ထိုသူက အနည်းငယ်ထူးဆန်းသည်။စားပွဲထိုးအား ၀က်သားနှင့်တပွဲဟု မှာပြီးလျှင်
`ဟေ့ သူငယ်၊ ဒီမှာ ငါးကျပ် ၊ ထမင်းဟင်းတွေ လာချပြီးရင် မင်းတို့လဲ အနားမလာကြနဲ့၊ ဘာယူဦးမလဲလို့လဲ

လာမမေးနဲ့ ၊ ဘာမှ မယူဘူး´ဟု ပြောလေတော့၏
ထိုဆိုင်တွင် ဗေဒင်ဆရာတစ်ယောက်လည်း ပုံမှန်ထမင်းလာစားလေ့ရှိလေ၏။
တနေ့ ဗေဒင်ဆရာက ၀က်သားဟင်းနဲ့ပုံမှန်စားနေသူကို
`ထုံးစံအတိုင်း ၀က်သားနဲ့ပဲလား မိတ်ဆွေ´ဟု မေးလိုက်လေ၏။ ထိုသူသည် ဗေဒင်ဆရာအား

အံသြသောမျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ထို့နောက်....
`ခင်ဗျား ဒီဆိုင်က စားပွဲထိုးလား´ဟုမေးလိုက်လေရာ ဗေဒင်ဆရာက
`မဟုတ်ပါဘူး ၊ကျုပ်က ဗေဒင်ဆရာပါ´ ဟု ပြန်ပြောလေ၏။
`ဗေဒင်ဆရာက ဘာဖြစ်လို့ ထမင်းဆိုင်ကိစ္စမှာ ၀င်ပြီး ပြောရတာတုန်း၊ စာပွဲထိုးလုပ်ချင်လို့

လေ့ကျင့်နေတာလား၊ စားပွဲထိုး လုပ်ချင်ရင် ကျုပ်ထိုင်မယ့်စားပွဲကို သွားပြီး အ၀တ်နဲ့သုတ်လိုက်၊
ဟိုမှာ ဟင်းစက်တွေ ကျနေတယ်´ဟု ပြောလိုက်ရာ.ဗေဒင်ဆရာလည်း ရှက်ခြင်း ဒေါသဖြစ်ခြင်းတို့ကြောင့်

မျက်နှာတစ်ခုလုံး နီရဲသွားလေတော့၏။
`ကျုပ်က ဘာဖြစ်လို့စားပွဲထိုးလုပ်ချင်ရမှာလဲ´ဟု ဒေါနှင့်မောနှင့် ပြန်ပြောလိုက်လေသည်။
`ခင်ဗျားက ဘာဖြစ်လို့ ၀က်သားနှင့်စားမလားလို့မေးရတာလဲ၊ ဒါကစားပွဲထိုးမေးရမယ့်စကားဗျ၊ ဒီမှာကိုယ့်လူ

အူကြောင်ကြောင် မလုပ်နဲ့ နာသွားမယ်´ဟု ဆိုကာ ထိုသူလည်း ထမင်းပန်းကန်ထဲသို့

ဟင်းများသွန်ချကာစားသောက်နေလေတော့၏။ ထိုသူထွက်သွားသောအခါ ဗေဒင်ဆရာက အနီးအနားမှ

သူများအား အရှက်ပြေစိမ့်သောငှာ...
`ကျုပ်ကလဲ သတိမထားမိဘူး၊ဒီအချိန်မျိုးမှာ ခိုက်ရန်ဒေါသ ဖြစ်တတ်တယ်၊ ကျုပ်လဂ်ပေါ်မှာ အင်္ဂါနင်းပြီး

စန်းပေါ်မှာ စေတန်ရောက်နေတယ်´ဟု ပြောလိုက်ရာ..
အနီးမှသူတစ်ဦးမှ..
`ဒီမှာ ဗေဒင်ဆရာကြီး လဂ်ပေါ်ကို အင်္ဂါနင်းလို့လည်းမဟုတ်ဘူး။ ခေါင်းပေါ်ကို ရာဟုနင်းလို့လည်း

မဟုတ်ဘူး၊ ခင်ဗျားပါစပ်ကြီးက အငြိမ်မနေလို့ ဖြစ်တာ..၊ ဟိုလူ့မှာ ဘာအပြစ်မှ မရှိဘူး၊သူ့ဘာသူ

ကြက်သားနဲ့ပဲစားစား၊ ၀က်သားနဲ့ပဲ စားစား ၊ခင်ဗျားအလုပ်မှ မဟုတ်တာ...´ဟု ပြောခံလိုက်ရလေသတည်း။

Wednesday, January 9, 2013

အလွမ်း


လွမ်းတာလား အထီးကျန်တာလား မပြောတတ်ဘူး.။
အချစ်လို့ ခံစားမိလိုက်တဲ့အခါ နှလုံးသားက ပူရှိန်းရှိန်းလေး ခံစားရတယ်။

တယောက်တည်း ပြုံးရယ်မိတယ်။ ဘယ်လိုမှ မထင်မှတ်ပဲနဲ့။
ငါတွေးမိတာလေးက နင့်ကို ငါသဘောကျတဲ့ဟန်လေးပေါ့။

ဘေးနားမှာ တယောက်ယောက်လိုနေတယ်လို့ ထင်နေခဲ့တယ်.။
တကယ်က ငါလွမ်းနေခဲ့တာလေ..။

နင့်ဘေးမှာ ငါရှိခဲ့တုန်းက.။

လွမ်းတယ်ဆိုတာကို နားလည်အောင် ကြိုးစားကြည့်ပါ.။
တကယ်က မပီမသနဲ့ နားထောင်နေရသလိုပဲ..။ လေထဲမှ ၀ဲပျံနေတဲ့ ဖုန်မှုန့်တွေကိုကြည့်နေရသလိုပဲ..။
မမွှေရသေးတဲ့ လက်ဖက်ရည်ကို သောက်မိသလိုပဲ။ စားလက်စ ရေခဲချောင်း ပြုတ်ကျသွားသလိုပဲ..။

ဘယ်လိုခံစားချက်မျိုးပါလိမ့်...?


GPS အခြေခံ စာအုပ်



GPS ဆိုတာ ဘာလဲ အားလုံးသိကြမှာပါ..။
လမ်းညွှန်တဲ့ စနစ်လို့..။ တကယ်က သူက position ကို အတိအကျ သိအောင် လုပ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ GPS နဲ့ ပတ်သက်လို့ နောက်ကျရင် ဆွေးနွေးပါ့မယ်။ လောလောဆယ်တော့ GPS ဆိုတာ ဘာလဲ ဆိုတာ အခြေခံစာအုပ်လေး တစ်အုပ်တင်လိုက်ပါတယ်..။ ဒေါင်းလုပ်ဆွဲပြီးတော့ လေ့လာကြပါကုန်..။
အကယ်၍ တခုခု မေးလို သိလို ငြားအံ့ ။ ကျွန်ုပ်အား ဆက်သွယ်ကြပါကုန်..။ သိသလောက် ရှင်းပြပေးပါ့မယ်။

GPS အခြေခံစာအုပ်အား ရယူရန်

credit; concordia survey team

Thursday, January 3, 2013

Google Sketch Up Pro Portable ( with render plug in)



အင်ဂျင်နီယာ တစ်ယောက်ဟာ ပုံတော့ ဆွဲတတ်သင့်တာပေါ့.။
Autocad တတ်သင့်တယ်.။ အယ့် မတတ်ဘူးဆိုလည်း လေ့ကျင့်ပေါ့ဗျာ..။ အခုလောလောဆယ် ကျနော်တော့ 3D ကို စိတ်ဝင်စားတယ်.. ။ Google Sketch up လေ့လာနေပါတယ်.။ လေ့လာတော့ ကျနော် ဆော့လ်ဝဲကို ဒေါင်းတယ်။ ကွန်ပြူတာမှာ အင်စတောလုပ်တယ်ပေါ့ဗျာ.။
ကျနော့် ကွန်ပြူတာက နည်းနည်းပိန်းတော့ ဆော့လ်ဝဲတွေ အများကြီး မတင်ချင်တာနဲ့ ကျနော် portable ဆော့လ်ဝဲလေးတွေ စုဆောင်းဖြစ်ပါတယ်..။ ကိုင်းဗျာ.. ဒီတော့ လိုရမယ်ရပေါ့..။ အောက်မှာ ဒေါင်းလုပ်လင့်လေး တင်ပေးထားမယ်..။ ကျနော်ကိုယ်တိုင် တင်ပေးထားတာတော့ မဟုတ်ဘူးဗျာ.. ။ လင့်သေသွားဘီဆိုရင်တော့ ပြောဗျာ..။ ရအောင် ပြန်တင်ပေးပါ့မယ်.။ အဲလိုမှ မဟုတ်ရင်လည်း Google ကို အားကိုးပေါ့ဗျာ..။

Google Sketch uP Pro Portable အားရယူရန်

Sunday, November 11, 2012

Dx battery Saver Pro V2.apk

ဖုန်းနဲ့ပတ်သက်တာလေးဖြစ်ပါတယ်။
andriod အသုံးပြုသူတွေ အတွက် ကျနော် သုံးတဲ့ apk လေးတွေ ရှဲတာပါ.။
အခု apk လေးက တော့ ဖုန်းရဲ့ဘက်ထရီအတွက် ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ apk လေးဖြစ်ပါတယ်။
သူက pro ဖြစ်ပါတယ်။ နောက်ဆုံးထွက် update version လည်းဖြစ်ပါတယ်။
သူ့ကို သုံးမယ်ဆိုရင် ဖုန်းရဲ့ nodification မှာ ဘက်ထရီရဲ့ ရာခိုင်နှုန်းကို ပြသပေးမှာဖြစ်ပါတယ်။ nodification ဘားမှာလဲ သူက ပေါ်နေမှာဖြစ်ပါတယ်။ အဲဒါဟာ ဘာကိုပြောချင်တာလဲဆိုရင် ဖုန်းထဲမှာ အသုံးပြုထားတဲ့ mode တွေကို ချိန်ထားပေးတာဖြစ်ပါတယ်။
ဥပမာ wifi ,bluetooth ဖွင့်ထားပိတ်ထားတာတို့ ၊ ဖုန်းရဲ့ screen အလင်းအမှောင်တို့ကို ချိန်ထားရမှာဖြစ်ပါတယ်။ ဖုန်းဘက်ထရီအားနည်းလာတဲ့အခါ သူက long mode ကို ချိန်းဖို့ nodification လေးတက်လာမှာပါ.။ အဲဒါဆိုရင် ဖုန်းရဲ့ screen အလင်းဟာ နည်းနည်းမှိန်သွားပီး တခြား mode တွေ အကုန်လုံးကို လည်း ပိတ်လိုက်မှာဖြစ်တဲ့အတွက် ဘက်ထရီသက်တမ်းပိုမို ကြာရှည်ခံမှာဖြစ်ပါတယ်။ ဘက်ထရီအားပြန်သွင်းရင်တော့ my mode ကို ပြန်ချိန်းရမှာဖြစ်ပါတယ်။

အဲဒါတွေ အပြင် ဖုန်းရဲ့ optimize စတဲ့  feature တွေလည်း ပါဝင်ပါတယ်။ pro ဆိုတာ ပိုက်ဆံပေးရတဲ့ app လို့ ဆိုလိုတာဖြစ်ပါတယ်။ ကဲ နားလည်သလောက်တော့ ပြောထားလိုက်ပါတယ်။ စမ်းသုံးကြည့်ပါလေ..။ မသိတာရှိရင်လည်း မေးပေါ့ဗျာ..။ ဒါမှလည်း ရှဲရကြိုးနှပ်မှာပေါ့ဗျာ..။ အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။


ကျနော်ရယူခဲ့တဲ့နေရာလေးကတော့....
http://www.apkmania.co/2012/11/battery-saver-dxswitch-widget-v200pro.html 
ဖြစ်ပါတယ်..။ ကျေးဇူးတင်ပါတယ်။

Monday, May 7, 2012

ကိုယ့်အလှည့်

တစ်ခါက ထီရောင်းတဲ့သူတစ်ယောက်ကပေါ့..။
လူတစ်ယောက်ကို ထီ သိန်း 1500 ပေါက်ကြောင်းသွားပြောသတဲ့..။ သူက တွေးမိတယ်..။
ဒီလူက အင်မတန်ဆင်းရဲတယ်..။ သူ့ကို ထီ သိန်း 1500 ပေါက်ကြောင်းပြောလိုက်ရင် သူရူးသွားနိုင်တယ်။ ဒီတော့ နည်းနည်း ချင်း ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့..။
`ညီလေး ....ညီလေး ထီ သိန်း (၅၀) ပေါက်တယ်ကွ..´
`ဟုတ်လား.. အကို ကျနော် သိန်း (၅၀) ပေါက်တယ်ဆိုတော့ အကို့ကို ငါးသိန်းပေးမယ်ဗျာ´ လို့ပြန်ပြောတယ်တဲ့..။
ဒါနဲ့ ` ညီလေး တကယ်က ညီလေး.. သိန်း (၁၀၀) ပေါက်တာကွ´ လို့ပြန်ပြောတော့
`ဟုတ်ရဲ့လား အကိုရယ်.. ဒါဆို အကို့ကို ဆယ်သိန်းပေးမယ်ဗျာ..´ လို့ ပြောတယ်တဲ့..။
ဒီလိုနဲ့ တိုးသွား လိုက်တာ.. သိန်း(1500) ပေါက်တယ်လို့လည်း ပြောရော..
`အကို ကျနော် သိန်း 1500 ပေါက်တယ်ဆိုရင် ကျနော်အတွက်လည်း အဲလောက်မလိုဘူးဗျာ.. အကိုသိန်း500 ယူလိုက်ပါ´ ပါလို့လည်း ပြောလိုက်ရော..
ထီပေါက်ကြောင်း လာပြောတဲ့ သူခမျာ ရူးသွားပါလေ..ရော..တဲ့ဗျား.။

ကဲ နောက်တစ်ခု ...
တစ်ခါက ရွာထဲမှာ အသုဘတွေ ရှိရင် အသုဘတရားလိုက်ဟောရတဲ့ ဘုန်းဘုန်းတပါးရှိတယ်တဲ့..။
ရွာထဲက သူတွေသေတဲ့အခါ သေတဲ့သူရဲ့ မိသားစုတွေကို တရားနဲ့ဖြေဖို့ လူဆိုတာ သေမျိုးကြီးဖြစ်တဲ့အကြောင်း
ကိုယ်လည်း တစ်နေ့သေရမယ့် အကြောင်း တရားချလေ့ရှိတယ်တဲ့..။
တစ်နေ့ကျတော့ ဘုန်းဘုန်းရဲ့ မိခင်ကြီးဟာ ဆုံးပါးသွားပါလေရော..
အဲဒီအခါ ဘုန်းဘုန်းခမျာ ငိုလိုက်တာ တက်မတတ် ချက်မတတ် ငိုတော့ ရွာသူရွာသားတွေက ၀ိုင်းဝန်းဖျောင်းဖျကြတယ်တဲ့..။ တရားနဲ့ဖြေပါဘုရား လို့လည်း လျှောက်ရော..
ဘုန်းဘုန်း က ပြန်ပြောလိုက်တယ်တဲ့..။
` ဟဲ့ သူများ အမေတွေ သေတာ ဖြေလို့ရတယ်. အခုသေတာ ငါ့အမေဟ.. .´ လို့ပြောလိုက်တယ်တဲ့ဗျား..။

ဒီတော့ စဉ်းစားစရာပဲဗျာ..။ လူတွေက ကိုယ့်အလှည့်မဟုတ်သေးရင်သာ လူတွေကို အကြံတွေ ပေးလိုက်ရတာ စိုးရိမ်ပေးလိုက်ရတာ.. တကယ်လည်း ကိုယ့်အလှည့်လည်း ကြုံရောဗျာ..။ ဘာမှ မတတ်နိုင်ဘူး..။
အခုသေတာ ငါ့အမေဟ.. လို့သာ ညည်းရုံသာ ရှိမည် ထင်တယ်..။စဉ်းစားကြည့်ကြပါတော့ဗျာ..။

Thursday, May 3, 2012

ငါဆိုမှ.. ငါ

အစီအစဉ် တကျမဟုတ်ဘဲ စာလုံး တစ်လုံးနှစ်လုံးလောက် ကောက်ခြစ်ကြည့်ချင်တယ်.။ စိတ်တွေကို စုစည်းပြီး ခွန်အားတွေ ဖျစ်ညစ်ပြီးတော့ပေါ့။ ဒါပေမယ့် စကားလုံးတွေ မထွက်လာပါဘူး။ ဘာလို့လဲဆိုတော့ ငါဟာ ပွင့်လင်းတဲ့ သူတစ်ယောက်မဟုတ်တော့လို့ပဲ..။ ငါ့အကြောင်းတွေ ကို မပြောချင်ဘူး။ လူတွေ သိရင် ကဲ့ရဲ့လိမ့်မယ်။ ဝေဖန်လိမ့်မယ်။ ရှုံ့ချလိမ့်မယ်။ ငါကြောက်တယ်။

ဒါဆို ဘာလို့ ဘလော့ရေးလဲ။
သူများတွေ ဘလော့တွေ မှာ စာလေးတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတာကို ကြိုက်တယ်.။ ကိုယ်တော့မလုပ်တတ်ပါဘူး။ ဒါပေမယ့် လိုက်လုပ်ကြည့်ချင်တယ်။ မရဘူးလား.။ တစ်စုံတစ်ယောက်လောက်ဖြစ်ဖြစ်လက်ခံရင် ရပြီလေ။
ငါ့စိတ်တွေ ရှုပ်ထွေးနေသလား ဆိုတာ ငါမသိတော့ ငါရေးတဲ့စာတွေကလည်း ရှင်းရှင်းလင်းလင်းရှိမှာမဟုတ်ဘူး။
ငါက ပေးဆပ်သူမဟုတ်ဘူး။ ဒါ ငါ့ကိုယ်ငါ အားပေးတာ..။

အကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး။ အကူအညီဆိုတာ ညီမှ ကူလို့ရတာ.။ ကိုယ်က အကူအညီယူတဲ့သူ ထက်စာရင် အကူအညီပေးနိုင်တဲ့သူ ဖြစ်အောင်လုပ်တဲ့။ သူငယ်ချင်းတစ်ယောက် ဆယ်တန်းတုန်းက `ရေးပေးပါ´ဆိုတာမှာ ရေးပေးထားတဲ့စာပေါ့။ သင့်ကြောင့်ပတ်ဝန်းကျင်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်သွားပါစေတဲ့။ ပတ်ဝန်းကျင်ကြောင့် သင်မပြောင်းလဲပါနဲ့ တဲ့။

ငါတော်တော်လေး စဉ်းစားတယ်။ ဘာကို စဉ်းစားတာလဲဆိုတော့..။ ငါနေ့စဉ် ဘာတွေ လုပ်နေလဲဆိုတာကိုပေါ့။ ဟုတ်တယ်..။ ငါက လူငယ်တစ်ယောက်..။ အပျော်အပါး တွေ လိုအပ်တယ်။ လိုချင်တယ်။ ငါလုပ်တယ်.။ ပျော်တယ် ။ ပါးတယ်.။ ဟေးလားဝါးလား.. အချိန်တွေ တရွေ့ရွေ့ကုန်ကုန်ပြီ။ ကုန်ပစေ..။ ငါ့အသက် အခုမှ နှစ်ဆယ်ကျော်.။ ငါ့ဘ၀က အခုမှ အစ..။ မြေကြီးပေါ်မှာ ရပ်ထားတဲ့ ငါ့ခြေထောက်ကို ငါယုံတယ်..။ သူက ငါ့ကို လှဲမသိပ်ဘူး.။ ဒါပေမယ့် ငါလှဲကျသွားမှာကို ကြောက်တယ်။ ငါ့ကို ဘယ်သူမှ ထွေးပွေ့မှာ မဟုတ်လို့လေ..။

ရည်းစား.. တဲ့။ ဟားဟား .. တော်တော်ရီရတဲ့ စကားလုံးပဲ..။ ငါချစ်တယ်လို့ မိန်းမတစ်ယောက်ကို ပြောလိုက်တာ သူက ငါ့ကို ချစ်တယ်လို့ ပြန်ပြောတော့ အဲဒါ ငါ့ရည်းစားပေါ့။ ဟုတ်တယ်လေ.. ။ ဘာဖြစ်လဲ လူငယ်ပဲ.။ ရည်းစားထားတာ ဘာဆန်းလို့လဲ..။ သူနဲ့ ချိန်းတွေ့မယ်.။ ဖက်ထားမယ်.။ နမ်းမယ်..။ ပြီးတော့ကော..။ သူနဲ့စကားတွေ တီတီတာတာတွေ ပြောမယ်..။ ဖုန်းတွေ ဆက်မယ် ။ မက်ဆေ့စ်တွေ ပို့မယ်..။ သူ့အတွက် လက်ဆောင်လေးတွေ ၀ယ်ပေးမယ်..။ သူစိတ်ဆိုးအောင်လုပ်မယ်..။ ပြန်ချော့မယ်.။ ဒါပေမယ့် သူ့ကို ငါလက်ထပ်ဖို့ အခုထိတော့မစဉ်းစားသေးဘူး.။ ငါ.. ငယ်သေးတယ်လေ..။

တစ်နေ့နေ့တော့ ငါသေရမှာ.. ။ ဒါကို ငါသိတယ်..။ ဟုတ်တယ်.. မင်းလည်းသေရမှာပဲ..။ ဒီတော့ ငါတို့ တစ်ခါတစ်လေ အတူတူ သေမယ့် အကြောင်းလေး စဉ်းစားမယ်.။ ငါသေရင် ငါ့အတွက် ဘယ်သူတွေ စိတ်မကောင်းဖြစ်မှာလဲ..။ ဘယ်သူတွေက လွမ်းဆွတ်မှာလဲ.. ။ တစ်နှစ်လောက်ပေါ့ အဲထက်တော့ မပိုနိုင်ဘူးထင်ပါတယ်။ ငါသေရင် ငါလုပ်ခဲ့တာတွေက ငါ့နောက်ကို လိုက်ခဲ့မှာလား.။ ဒါဆို ငါ ကောင်းတာတွေ ရွေးလုပ်ချင်တယ်။ ဟင်.. ကောင်းတာလုပ်တာကို ငါကြိုက်မှ ကြိုက်ရဲ့လား.။ ငါမကြိုက်တဲ့ အလုပ်တွေလည်း ပါနေမှာလား..။ မလုပ်ချင်ဘူးကွာ..။ ဖြစ်ချင်ရာဖြစ် ..။ နောင်ခါလာ နောင်ခါဈေးပဲ..။

တော်ပြီ..။ ငါဖြုန်းခဲ့တဲ့ အချိန်တွေ ငွေတွေ ပြီးတော့ ငါ့ခွန်အားတွေ .ငါ့ပျော်ရွှင်မှုတွေကို ငါမေ့ပစ်လိုက်တော့မယ်..။ ရှေ့ကို ငါတစ်ချက်ဝှေ့ကြည့်လိုက်မယ်.။ ငါ့ကို စောင့်နေသူ ဘယ်သူရှိလဲလို့..။ မှုန်ရီရီတော့ မြင်ရတယ်။ ဒါပေမယ့် သေမင်းတွေလား မသိဘူး..။ ငါဖြည်းဖြည်းလေးပဲ သွားမယ်ကွာ..။ ဟာ...စောင့်နေတာ ငါ့ချစ်သူပါလား..။ ငါဘာလို့ နှေးကွေးနေခဲ့မိတာပါလိမ့်..။ ငါကြောက်နေတာလား.. ။ ဟုတ်တယ်..။ ငါကြောက်နေတာ..။ မင်းကော.. ငါကြောက်နေတာလို့ မထင်ဘူးလား..။
ငါကြောက်နေတာက ဘာလဲ...။

facebook comment


content top