content top

Sunday, October 16, 2011

Chatting နှင့် ပတ်သက်၍




chatting နှင့် ပတ်သက်၍
(၁) သူတို့ခေါ်၍ ကိုယ်ပြန်မပြောမိပါက မိမိအားမာနကြီးသူအဖြစ်သတ်မှတ်ပြီး အချို့မှာ မျက်ရည်ကျလောက်ဖွယ် စိတ်မကောင်းဖြစ်သောအမူအရာဖြင့် ၀မ်းနည်းကြောင်း စကားများပြောကာထွက်သွားတတ်ကြသလို အချို့ကလည်း နှစ်ပြားမတန်အောင်ဆဲရေးတိုင်းထွာပြီး ထွက်သွားတတ်ကြသည်။( ကိုယ်အလုပ်ရှုပ်နေသည်ကို သူတို့မသိ၊ ကော်နရှင်ဒေါင်း နေသည်ကို သူတို့မသိ)

(၂) မိမိစိတ်မကြည်မလင်ဖြစ်နေသောအခါ၊ မပြောချင်၍မပြောသောအခါမျိုးတွင်မူ Busy နေလား၊ Connection မကောင်းဘူးလား စသည်ဖြင့် တတောင်တောင်တတင်တင် မေးတတ်ကြပြီး၊ မကြည်လင်တဲ့ စိတ်ကို ဒေါသတွေ လာပေါင်းပေးသွားတတ်ကြသည်။ (ကိုယ်မပြောချင်လို့ မပြောခြင်းကို သူတို့အလိုက်မသိ။)

(၃) မိမိက စကားပြန်ပြောသောအခါတွင် စကားနည်းနည်းသာပြောမိပါက အထက်စီးက စကားပြောတတ်သူဟု အထင်ခံရတတ်ပြီး စကားများများပြောမိပါက ပေါတောတော်လူဟု အထင်ခံရတတ်သည်။(သူတို့၏ စကားပြောပုံ ဆိုပုံကို သဘောမကျ၍ စကားနည်းသည်ကို သူတို့မသိသလို လူမှုရေးအရ မကောင်းတတ်၍ စကားများများ ပြန်ပြောနေရသည်ကို သူတို့မသိ။)

(၄) နေကောင်းလားမှ အစချီ၍ မေးခွန်းပေါင်းများစွာကို တောက်လျှောက်မေးတတ်ကြပြီး၊ မိမိမှ သူတို့မေးသမျှ စိတ်မရှည်ရှည်အောင် ဆွဲဆန့်ပြီး ဖြေသော်လည်း ကျေနပ်မှုမရှိကြဘဲ သူတို့အား သူတို့မေးသလိုပြန်မမေးမိ၍ သူတို့ခင်သလောက်မခင်ဘူးလား ဆိုသည့် မေးခွန်းများနှင့် ကောက်ပေါက်စိတ်ဆိုးတတ်ကြသည်။( သြော် သူတို့ဖြေချင်တဲ့ မေးခွန်းတွေ သူတို့ပြန်မေးမှန်းဘယ်သူက သိမှာလဲ ? )

(Facebook မှ ဖတ်မိသည်ကို သဘောကျမိ၍ ကူးယူဖော်ပြထားလိုက်ပါသည်)

3 comments:

ကိုဇော် said... Reply To This Comment

တိန် . . ဒါကြောင့် ကျနော့်ကို မာန မင်းသားလို့ ပြောတာလားဗျ။
လူဇိုး............

Green said... Reply To This Comment

မဟုတ်ပါဘူး ကိုဇော်ရ ဟီး

ကြည်ဖြူခင်ခင် said... Reply To This Comment

ahack~~~:P.. hote pa.. green yal.. a myoo myoo tat naing tat luu tway par pae.. :P

Post a Comment


facebook comment


content top