content top

Sunday, October 23, 2011

ဘလော့ရေးတဲ့ ညတစ်ည..။

 


ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်နေမိတော့
စကားလေးတစ်ခွန်း လေချွန်ကြည့်တယ်၊
မိုးကျသံ တဖြိုက်ဖြိုက် က
ငါ့အာရုံကို ချွေနေသည့်နှယ်။

ဘလော့ရေးမယ်ကွယ့်.. ၊
ကဗျာတွေ သီကုံးဖွဲ့ ၊ ကာရန်တွေကင်းမဲ့လို့
စာမဆိုချင်တော့တဲ့ ၊ ကညာပျိုတစ်ယောက်လိုပေါ့ ၊
ညည်းတွားခဲ့မိတယ်။

သံသယမျက်လုံးနဲ့ စာတစ်ပုဒ်ဖတ်နေတုန်း
ရင်ခွင်ထဲ တ၀ုန်းဝုန်းပျိုဆင်းလာတဲ့
သူ့ ရစ်သမ်က ရင်ကိုထိရှ၊ အမိအရ
ဆွဲဆောင်သွားလိုက်တာ ဒီစာထဲမျောသွားခဲ့ပေါ့။

ကွန်မန့်မှာ နှစ်သက်ကြောင်းရေး ၊
စာပေကို ချစ်ခင်မိလာတော့
ကလောင်ရှင်လို ဖြစ်ချင်မိလာပေါ့။
ဒီတော့ ဟန်ထုတ် ၊ ဥာဏ်ကလေးကုပ်ပြီး
ကဗျာလေးလုပ်လိုက်မယ်လို့
စာတစ်ပိုဒ်ရေး ၊ ငါ့အတွေးက
ဖတ်သူအတွက် စေတနာလား..
ငါကိုယ်တိုင်က စေတမာန်လား။

စိတ်အတွေးအကြံ၊ ရင်ထဲ ထိမှန်
ဧကန်မှန်ထုတ်၊ စာတစ်ပုဒ်ကို
ရေးသားသည့်နှယ် ...
ဖတ်သူအတွေး၊ ငါ့အတွေးကို
ဖြန့်ကျက်စီစစ် ၊ ပုံပြင်သစ်သို့
မလျော့မတွေး ၊ ရေးမိသေးသည်..၊
တွေးမိသေးသည်..၊
ငါသည်ဘလော့ရေးသူပါတကား..။   ။

 

 ====================================

3 comments:

˜º̶̶ƷʌuτuмиƸ̶º˜˜ said... Reply To This Comment

မိုက်တယ်ကွာ..ရမ်းကောင်းပါတီ
နာကတော.ထုလောလောဆယ်
အတဲကွဲကောင်းနေတုန်း..ဟိဟိ
အတဲကွဲတဲ.ကဗျာတွေပဲရေးနေမိတယ်ရော..
ဟာသတွေကတော့..နာမအိပ်ခင်တနယ်ချင်းတွေ
ပြောပြနေကျလေမို.လို..နာကပြန်ဖောက်တည်ချတာရယ်..

စံပယ်ချို said... Reply To This Comment

စာသားလေးတွေသုံးထားတာအရမ်းလှတယ်
သံသယမျက်လုံးနဲ့ စာတစ်ပုဒ်ဖတ်နေတုန်း
ရင်ခွင်ထဲ တ၀ုန်းဝုန်းပျိုဆင်းလာတဲ့
သူ့ ရစ်သမ်က ရင်ကိုထိရှ၊ အမိအရ
ဆွဲဆောင်သွားလိုက်တာ ဒီစာထဲမျောသွားခဲ့ပေါ့။....အဲဒီစာသား
လေးတွေကိုအကြိုက်ဆုံးပါပဲ

mstint said... Reply To This Comment

ကောင်းပါ၏ မောင်အောင်မင်းရေ။ ကဗျာကို အခုလို ကာရန်မိမိလေးတွေနဲ့ ဖတ်ရတာ အရသာရှိတယ်း)။
စာလုံးလေးတွေ ယူထားတာ လှတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment


facebook comment


content top