content top

Monday, October 24, 2011

လောကကြီးက တယ်လည်း ဂွကျပါလား..




ဆရာကြီး ရွှေဥဒေါင်း၏ `လောကကြီးဟာ တယ်ပြီးခွကျပါလားလို့ စိတ်ရှုပ်မိတာပါပဲ´ အဆို....


    တာဝဘူတာရုံသို့ ရောက်ကြ၍ လက်မှတ်ဝယ်ရာတွင် မိခင်သည် လူကြီးအတွက် လက်မှတ်တစ်စောင်သာဝယ်၍ ကျွန်ုပ်အတွက် လက်မှတ် မ၀ယ်တော့ချေ။
သို့ရာတွင် မီးရထားအလုပ်သမားတစ်ယောက်နှင့် နားလည်မှုယူထားသည်ဖြစ်ကြောင်းကို နောင်တွင်သိရ၏။ မီးရထားဆိုက်ခါနီးတွင် ဘူတာရုံဝ၌ စောင့်လျက်ရှိသော
လက်မှတ်စစ်နှင့်လွဲစေရန် မိခင်သည် ကျွန်ုပ်အား မီးရထားအလုပ်သမား၏ လက်သို့အပ်လိုက်၏။ ဤအကြောင်းကို ဘာမှမသိသော ကျွန်ုပ်မှာ လူစိမ်းတစ်ယောက်နှင့်
ကြာရှည်စွာ နေရခြင်းကို ရွံ့သည်နှင့် အပြင်သို့ရောက်ပြီးမှ မိခင်ရှိရာသို့ ပြန်လာ၏။ မိခင်ကမူ ကျွန်ုပ်၏ ဦးခေါင်းကို ခေါက်၍ ပြန်သွားခိုင်း၏။ နောက်တစ်ကြိမ် ပြန်သွားရာ
ခပ်နာနာခေါက်၍ လွှတ်လိုက်ပြန်၏။ တတိယအကြိမ်၌ကား မိခင်သည် နာကျည်းစွာ ခေါက်လွှတ်လိုက်လေရာ ကျွန်ုပ်မှာ ဦးခေါင်းကို ပွတ်ရင်း ကိုယ့်မိခင်ထံသို့ ကိုယ်သွားမိခြင်း
အတွက် အခေါက်ခံရသည်မှာ နားမလည်နိုင်အောင်ဖြစ်၍ ` ဘယ်နှယ့်ဟာပါလိမ့်၊ ဘယ်လိုပါလိမ့်´ စသည်ဖြင့် အကြီးအကျယ်စိတ်ရှုပ်ခြင်း ဖြစ်မိသည်။
ဤအကြောင်းကို ကြီးပြင်းလာသောအခါ၌ မိခင်အား ပြောပြရာတွင် မိခင်မှာ မျက်ရည်များ ၀ိုင်းလာသည့်အထဲမှ ရယ်မောလျက် `ငါ့သားနှယ် မှတ်မိလိုက်တာပါလားကွယ်၊
အမေလည်း စိတ်ရှုပ်လွန်းလို့ဟေ့´ ဟုပြောသဖြင့် ကျွန်ုပ်လည်း `ကျွန်တော်အမေ့ကို စိတ်မနာပါဘူး၊လောကကြီးဟာ တယ်ပြီးခွကျပါလားလို့ စိတ်ရှုပ်မိတာပါပဲ အမေရဲ့´ ဟု
ပြောဖူးသည် ဆိုသတဲ့..။

3 comments:

Anonymous said... Reply To This Comment

ဟုတ်ပမောင်လေးရာ..
ဂွကျကျလောကကြီးမှာ
ဂွကျကျနေတတ်မှ...ဟိဟိ

mstint said... Reply To This Comment

ကို့ရို့ကားယား
ပွေလီရှုပ်ယှက်ခတ်
ဂွတီးဂွကျ အဲဒါလူ့လောက မှတ်ထားမောင်အောင်မင်းရေး)
စိတ်ထားအစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Green said... Reply To This Comment

ဟုတ်ကဲ့ဗျ ကျနော်လည်း ဖတ်ဖူးတာလေးပါ..။

ရင်ထဲက အမှတ်ရနေတာလေးမို့တင်လိုက်တာပါ

Post a Comment


facebook comment


content top