content top
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, January 9, 2013

အလွမ်း


လွမ်းတာလား အထီးကျန်တာလား မပြောတတ်ဘူး.။
အချစ်လို့ ခံစားမိလိုက်တဲ့အခါ နှလုံးသားက ပူရှိန်းရှိန်းလေး ခံစားရတယ်။

တယောက်တည်း ပြုံးရယ်မိတယ်။ ဘယ်လိုမှ မထင်မှတ်ပဲနဲ့။
ငါတွေးမိတာလေးက နင့်ကို ငါသဘောကျတဲ့ဟန်လေးပေါ့။

ဘေးနားမှာ တယောက်ယောက်လိုနေတယ်လို့ ထင်နေခဲ့တယ်.။
တကယ်က ငါလွမ်းနေခဲ့တာလေ..။

နင့်ဘေးမှာ ငါရှိခဲ့တုန်းက.။

လွမ်းတယ်ဆိုတာကို နားလည်အောင် ကြိုးစားကြည့်ပါ.။
တကယ်က မပီမသနဲ့ နားထောင်နေရသလိုပဲ..။ လေထဲမှ ၀ဲပျံနေတဲ့ ဖုန်မှုန့်တွေကိုကြည့်နေရသလိုပဲ..။
မမွှေရသေးတဲ့ လက်ဖက်ရည်ကို သောက်မိသလိုပဲ။ စားလက်စ ရေခဲချောင်း ပြုတ်ကျသွားသလိုပဲ..။

ဘယ်လိုခံစားချက်မျိုးပါလိမ့်...?


Wednesday, January 18, 2012

တစ်နေ့တာ

           ပန်းကလေးရယ်….

          ဘ၀ဆိုတာ မခမ်းနားလိုက်တာ..။

          ဆောင်းတွင်းကလည်း အေးလိုက်တာ..။

          မျှော်လင့်ခြင်းမရှိတဲ့ နံနက်ခင်းကိုတောင်

          ဥပက္ခာပြုတတ်လာပြီ..။

          သံသယနဲ့ စတင်တဲ့နေ့ရက်

          မကြာခင် ငါဆိုးသွမ်းနေတော့မယ်။

          သံယောဇဉ်တွေ ၊ စာနာမှုတွေ ..

          သတိရမှုတွေ  ၊ ညည်းတွားမှုတွေ

          ငါ့နံနက်စာဖြစ်ကုန်ပြီ။

          တစ်နေ့လုံး ငါရူးသွပ်နေပြီးတော့

          နေ့လည်ခင်းမှာ ငါပုံမှန်စားသုံးတာက

          ဒေါသတွေကို သိုသိပ်စွာပေါ့။

          ဒီလိုနဲ့ ညနေရောက်တော့

          ငါမသောက်ဖြစ်တဲ့ အရက်ဝိုင်းက ရယ်သံတွေကို

          နားကြားပြင်းကပ်စွာ  ခါးသီးလွန်းတဲ့နေ့ရက်တစ်ခုကို

          ပုံမှန် ငါသေဆုံးနေဖြစ်တယ်။

          ညတစ်ခုကို နားလည်မိတာက ၀တ်ရုံမပါတဲ့

          ကညာပျိုတစ်ယောက်လိုပဲ။

          အခု သံစဉ်တစ်ခုကို ငါညှိလိုက်တယ်..

          ထွက်လာတာက ကဗျာတွေပေါ့..။

          အခု မင်းဖတ်နေတယ်လေ ။

Sunday, October 23, 2011

ဘလော့ရေးတဲ့ ညတစ်ည..။

 


ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်နေမိတော့
စကားလေးတစ်ခွန်း လေချွန်ကြည့်တယ်၊
မိုးကျသံ တဖြိုက်ဖြိုက် က
ငါ့အာရုံကို ချွေနေသည့်နှယ်။

ဘလော့ရေးမယ်ကွယ့်.. ၊
ကဗျာတွေ သီကုံးဖွဲ့ ၊ ကာရန်တွေကင်းမဲ့လို့
စာမဆိုချင်တော့တဲ့ ၊ ကညာပျိုတစ်ယောက်လိုပေါ့ ၊
ညည်းတွားခဲ့မိတယ်။

သံသယမျက်လုံးနဲ့ စာတစ်ပုဒ်ဖတ်နေတုန်း
ရင်ခွင်ထဲ တ၀ုန်းဝုန်းပျိုဆင်းလာတဲ့
သူ့ ရစ်သမ်က ရင်ကိုထိရှ၊ အမိအရ
ဆွဲဆောင်သွားလိုက်တာ ဒီစာထဲမျောသွားခဲ့ပေါ့။

ကွန်မန့်မှာ နှစ်သက်ကြောင်းရေး ၊
စာပေကို ချစ်ခင်မိလာတော့
ကလောင်ရှင်လို ဖြစ်ချင်မိလာပေါ့။
ဒီတော့ ဟန်ထုတ် ၊ ဥာဏ်ကလေးကုပ်ပြီး
ကဗျာလေးလုပ်လိုက်မယ်လို့
စာတစ်ပိုဒ်ရေး ၊ ငါ့အတွေးက
ဖတ်သူအတွက် စေတနာလား..
ငါကိုယ်တိုင်က စေတမာန်လား။

စိတ်အတွေးအကြံ၊ ရင်ထဲ ထိမှန်
ဧကန်မှန်ထုတ်၊ စာတစ်ပုဒ်ကို
ရေးသားသည့်နှယ် ...
ဖတ်သူအတွေး၊ ငါ့အတွေးကို
ဖြန့်ကျက်စီစစ် ၊ ပုံပြင်သစ်သို့
မလျော့မတွေး ၊ ရေးမိသေးသည်..၊
တွေးမိသေးသည်..၊
ငါသည်ဘလော့ရေးသူပါတကား..။   ။

 

 ====================================

Thursday, October 20, 2011

ငါတို့ယောက်ျား

တစ်သက်လုံး ချုပ်နှောင်ထားမယ်ဆိုတဲ့
မာနတွေနဲ့
လူကို ခံရခက်အောင်
အတိုင်းအဆမဲ့ စကားလုံးတွေနဲ့
လောကအလယ်မှာ ပုရိသဆိုတဲ့
အနွယ်ဟာ..
တကယ်ပါ လွပ်လပ်ခြင်းကို
အလိုရှိတယ်ဆိုတာ..
ယောက်ျားတွေမှတစ်ပါး ဘယ်သူက
သိမှာလဲ...။


( ရေးထားတာကြာပါပြီ အတိအကျဆိုရရင်တော့ 18 July 2010 ကပေါ့ 
မာတီ မှာတင်ထားခဲ့တာလေ..)

Saturday, October 8, 2011

ဝင်္ကပါလမ်း



မဆုံးနိုင်တဲ့ခရီး
သွားခဲ့သည် အချည်းနှီး...။
လမ်းဆိုတာ ပင်လယ်မဟုတ်
လျှောက်လေလေ ငါသည်ဟန်လုပ်
မာန်တင်းလို့ ပြုံးထားပေမယ့်
ရင်မှာတော့ နွမ်းလျ
တမ်းတကာ အဖုံဖုံ
ငါမယုံခဲ့ပါဘူး...။
တကယ်ရောက်ချင်
ငါလျှောက်ခဲ့သည့်လမ်း
မင်းမြင်အောင် ကြည့်လိုက်စမ်း...။ ။

Friday, August 26, 2011

ကဗျာစာအုပ်လေး

ကဗျာစာအုပ်လေး လုပ်ချင်နေတာ ကြာခဲ့ပါပြီဗျာ မလုပ်ဖြစ်ခဲ့ဘူး
အခုတော့ ရသလောက်လေး နည်းနည်းချင်း လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်ပါတယ်
အားပေးပါဦး ကဗျာလေးတွေက တင်ပြီးသားဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်မှာပါ
ကျေးဇူးတင်လျက်....


အချစ်ဦး


မင်းကြောင့်မို့


ဘယ်သူ့ကိုလဲ


စိတ်အာရုံ


လက်ထက်မင်္ဂလာ

Thursday, August 12, 2010

အလွမ်းဆိုတာ


မမျှော်လင့်ရဲ ငါ့ချစ်ခြင်းလည်း
ကုန်ဆုံးကွယ်ပျောက် နိဂုံးရောက်တော့
မေ့လျော့အချစ် မဖြစ်သင့်လို့ 
ငါသည် လွမ်းလို့ နေခဲ့ သည်။

စဉ်းစားဝေခွဲ ငါ့အသည်းကွဲ
တမ်းတသတိရ လွမ်းခဲ့ ည
ဘာကြောင့်ငါသည် ချစ်မိသည်ကို
ကြည်နူးပုံရိပ် ငါမမေ့ဟု
ငါသည်လွမ်းလို့ နေခဲ့ သည်။ ။

ဖြစ်တည်လာခြင်း

လောကမှာ ကျနော်ဖြစ်တည်လာခဲ့တယ်
နေ့တိုင်းကို ကျနော် သိနေခဲ့တယ်
သူ့အဓိပ္ပာယ်နဲ့သူရှိတဲ့ အရာတွေကို ကျနော်တန်ဖိုးထားရကောင်းမှန်းမသိခဲ့တော့
အခုကျနော်အတွက် ဖြစ်တည်လာတာက
နောင်တပါဗျာ နောင်တပါ..
ဒါပေမယ့် အချစ်ကတော့ကျနော့်ကို
ပျော်ရွှင်မှုမပေးပဲ
ခါးသီးမှုပေးမလားဆိုတာ
ကျနော့်အတွက်တော့ အခွင့်အရေးပါပဲဗျာ..


Saturday, July 31, 2010

မင်းသိစေချင်

အချစ်ကို ရိုးရိုးလေးငါတွေးတယ်
ဘာကြောင့်မှန်းမသိ မင်းကိုငါချစ်မိသည်
တစ်ခါတစ်လေတော့ ငါ့စိတ်ကို ငါနားမလည်
မင်းကို ငါ သတိရနေတယ်
အခု မင်းသိမလား
ငါပြောချင်သောစကား
အဲဒါ မင်းငါ့ကို ပြန်ချစ်နိုင်မလား..။



facebook comment


content top