တစ်ခါက ထမင်းဆိုင်တစ်ဆိုင်မှာ ပုံမှန် ၀က်သားဟင်းနဲ့ပဲ လာစားနေကျသူတစ်ယောက်ရှိသည်။ထိုသူက အနည်းငယ်ထူးဆန်းသည်။စားပွဲထိုးအား ၀က်သားနှင့်တပွဲဟု မှာပြီးလျှင်`ဟေ့ သူငယ်၊ ဒီမှာ ငါးကျပ် ၊ ထမင်းဟင်းတွေ လာချပြီးရင် မင်းတို့လဲ အနားမလာကြနဲ့၊ ဘာယူဦးမလဲလို့လဲ လာမမေးနဲ့ ၊ ဘာမှ မယူဘူး´ဟု ပြောလေတော့၏ထိုဆိုင်တွင် ဗေဒင်ဆရာတစ်ယောက်လည်း ပုံမှန်ထမင်းလာစားလေ့ရှိလေ၏။တနေ့ ဗေဒင်ဆရာက ၀က်သားဟင်းနဲ့ပုံမှန်စားနေသူကို`ထုံးစံအတိုင်း ၀က်သားနဲ့ပဲလား မိတ်ဆွေ´ဟု မေးလိုက်လေ၏။ ထိုသူသည် ဗေဒင်ဆရာအား အံသြသောမျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ထို့နောက်....`ခင်ဗျား ဒီဆိုင်က စားပွဲထိုးလား´ဟုမေးလိုက်လေရာ...