ပန်းကလေးရယ်….
ဘ၀ဆိုတာ မခမ်းနားလိုက်တာ..။
ဆောင်းတွင်းကလည်း အေးလိုက်တာ..။
မျှော်လင့်ခြင်းမရှိတဲ့ နံနက်ခင်းကိုတောင်
ဥပက္ခာပြုတတ်လာပြီ..။
သံသယနဲ့ စတင်တဲ့နေ့ရက်
မကြာခင် ငါဆိုးသွမ်းနေတော့မယ်။
သံယောဇဉ်တွေ ၊ စာနာမှုတွေ ..
သတိရမှုတွေ ၊ ညည်းတွားမှုတွေ
ငါ့နံနက်စာဖြစ်ကုန်ပြီ။
တစ်နေ့လုံး ငါရူးသွပ်နေပြီးတော့
နေ့လည်ခင်းမှာ ငါပုံမှန်စားသုံးတာက
ဒေါသတွေကို သိုသိပ်စွာပေါ့။
ဒီလိုနဲ့ ညနေရောက်တော့
ငါမသောက်ဖြစ်တဲ့ အရက်ဝိုင်းက ရယ်သံတွေကို
နားကြားပြင်းကပ်စွာ ခါးသီးလွန်းတဲ့နေ့ရက်တစ်ခုကို
ပုံမှန် ငါသေဆုံးနေဖြစ်တယ်။
ညတစ်ခုကို နားလည်မိတာက ၀တ်ရုံမပါတဲ့
ကညာပျိုတစ်ယောက်လိုပဲ။
အခု သံစဉ်တစ်ခုကို ငါညှိလိုက်တယ်..
ထွက်လာတာက ကဗျာတွေပေါ့..။
အခု မင်းဖတ်နေတယ်လေ ။
1 comments:
မမရေ ကဗျာလေး ခံစား အားပေးလျှက်ပါလို့...
Post a Comment