စာရေးသားခြင်းနှင့် ပတ်သက်၍ ကျနော်ဘာမှ မသိပါ။ ဒါပေမယ့် ကျနော် ဖတ်မိတဲ့ စာလေးတစ်ခုကို ကောက်နုတ်တင်ပြချင်ပါတယ်။
ဟစ်တလာခေတ် ဂျာမနီကို နောက်ခံထားပြီးရေးသားရန် ရည်ရွယ်သည့်စာအုပ်တစ်အုပ်အတွက် ကျွန်မသည် သုတေသနလုပ်စဉ်က ဖြစ်သည်။
ပေါလ်ဂယ်လီယို ( Paul Gallico ) ၏ စာအုပ်တစ်အုပ်ထဲမှာ နာဇီတွေ က လူတစ်ယောက် ခေါင်းမှာ သံဖြူ ပုံးစွပ်ပေးပြီး၊ ပုံးကို တုတ်နှင့်တဗြောင်းဗြောင်း ရိုက်နှက်ခြင်းဖြင့် လူကို ရူးသွားအောင်လုပ်သည့်အကြောင်း ရေးထားတာတွေ့ရတော့၊ ဒါတကယ်ဖြစ်နိုင်ပါ့မလား ကျွန်မ စဉ်းစားရင်းက မစ်ချနား၏ အကြံပေးချက်ကို သွားသတိရသည်။ အတွေ့အကြုံတစ်ခု အကြောင်းမရေးသားမီ ကိုယ်တိုင်ခံစား ကြည့်ဖို့ ဆိုသည့်အချက်။
ကျွန်မ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အိမ်နောက်ဖေး ကွက်လပ်ထဲ သွားပြီးနောက်၊ ဘေးဘီမှာ လူရှိမရှိ သေချာအောင်ကြည့်သည်။ ပြီးလျှင် ၊ အိမ်သန့်ရှင်းရေး လုပ်သည့်အခါ ရေထည့်သည့်ပုံးကို ခေါင်းမှာ စွပ်လိုက်ပြီးနောက် တံမြက်စည်းရိုးနှင့် ရိုက်ကြည့်သည်။. အသံက နားမခံသာ။ ယုံနိုင်ဖွယ် မရှိအောင် ဆိုးဝါးလှသည်။
စာအုပ်ထဲမှာ သည်အခန်းကို ပီပီသသ ရေးပြနိုင်လောက်အောင် မှတ်သားမိစေရန်အတွက် သံပုံးကို နောက်ထပ်လေးငါးချက် ဆက်ရိုက်သည်။ နားထဲ တအားအူသွားပြီးနောက် သံပုံးကို အလျင်အမြန် ဆွဲချွတ်လိုက်သည့်အခါ သူ့အခန်းပြတင်းပေါက်မှ ကျွန်မကို စိုက်ကြည့်နေသည့် အိမ်နီးချင်းအမျိုးသမီး၏ အံ့သြ ထိတ်လန့်သော မျက်နှာကို တန်းမြင်လိုက်ရသည်။ သူက ကျွန်မတို့ဇနီးမောင်နှံငှားနေသည့် အိမ်၏ အပေါ်ထပ်မှာ နေထိုင်သူဖြစ်သည်။
သူနှင့်ကျွန်မ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမျှ မဆိုဘဲ အကြာကြီးစိုက်ကြည့်နေမိသည်။ ကျွန်မ ရူးသွားပြီလို့ သူ မှတ်ယူသွားတော့မှာပဲ ဟု ကျွန်မ သိလိုက်သည်။
မှန်သည်။ တစ်ပတ်အတွင်းမှာပင် သူ အိမ်ပြောင်းသွားပါချေသည်။
.....................................................................................................................................................................
ဒီစာလေးကို ဖတ်ပြီးတော့ ကျွန်တော် စာရေးဖို့ ကြိုးစားဖူးသည်။ ကျောင်းသားဘ၀တုန်းက ဆရာမက စာစီစာကုံးရေးကောင်းသည်ဟု ချီးကျူးမှုလေးတစ်ခုသည် ကျွန်တော့်အတွက် စာရေးခြင်းကို ချစ်ခင်လာအောင် စိတ်ထဲနွေးနွေးလေးခံစားမိစေသည်။ ကျွန်တော် စာဖတ်အားနည်းသည်။ ကိုယ့်ကိုယ်ကို သိသည်.။ ဒါပေမယ့် ကျွန်တော် စာတစ်ပုဒ်ဖတ်မိရင် စာတစ်ကြောင်းလောက်ချရေးချင်မိသည်။ သို့သော် အကြောင်းအကျိုးခိုင်လုံမှုရှိသောစာတစ်ပုဒ်ဖြစ်မလာသေး။ စိတ်ဓာတ်တော့ မကျပါ။
ကျွန်တော်သိတာလေးတွေ တင်ပြရင်း ပျော်မွေ့နေဦးမည် ။. စာရေးခြင်းကို ၀ါသနာပါလျက်..
4 comments:
အင်းးး..ကြိုးစားပေါ.အေ
အော်တန်.အထင်ရှင်စာအုပ်တွေအများကြီး
ဖတ်ပြီးလောက်ပါပြီ...အားပေးနေမယ်နော်မောင်လေးး
@˜º̶̶ƷʌuτuмиƸ̶º˜˜
ကျေးဇူးအများကြီးတင်ပါတယ် အမရေ
အမ ထင်သလောက်ကြီးမဟုတ်သေးဘူးထင်တယ်နော်
ဟဲ
မောင်အောင်မင်းရေ ခရီးတစ်လျှောက်လည်း ဓာတ်ပုံတွေရိုက်ပြီး ပြန်ရောက်ရင် ခရီးသွားမှတ်တမ်းလေးတင်ပေါ့နော်။
တီတင့်လည်း ငယ်ငယ်ကစာဖတ်ပြင်းခဲ့တယ် အခုတော့ ဘလော့တွေကို မဖတ်ပဲကိုမနေနိုင်ဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
@mstint
အန်တီတင့်ရေ ခရီးသွားမှတ်တမ်းလေးတော့ တင်ဖြစ်မယ်ထင်ဝူး..။ ကျနော်က ကင်မရာကိုင်ရမှာကိုရှက်တာ ..။ ဒါပေမယ့် ဆိုက်ထဲက ဘ၀ဆိုတာလေးတွေတော့တင်ချင်တယ် ။ တင်ဖြစ်မလားတော့ မပြောတတ်ဘူး..။အခုလို အားပေးတာ ကျေးဇူးပါ တီတင့်ရေ ..။
Post a Comment