content top

Friday, October 28, 2011

မောင့်ညစ်ပတ်အိုး (သီချင်း)

                   တစ်ခါတစ်လေ အပျင်းပြေ ဂစ်တာခေါက်ပြီး ရင်ထဲက အတွေးစလေးတွေကို ချရေးပြီး သံစဉ်ညှိကြည့်တယ်။ တခြားသူအတွက်တော့ မပြောတတ်ပါဘူး။ ကိုယ့်အတွက် အဆင်ပြေတယ်လို့ ထင်တဲ့ သီချင်းလေးတွေကိုတော့ သဘောကျ သီဆိုမိတယ်။ ကျနော်ဒီသီချင်းလေးကို ကျနော့်ရုံးက ကောင်မလေးကို စချင်တဲ့ စိတ်လေးနဲ့ တစ်ပိုဒ်လေးကိုလက်တန်းဆိုလိုက်တယ်။ ပြီးတော့ သူတော်တော်သဘောကျသွားတော့ ဒီစာပိုဒ်လေးကို ညည်းမိနေတယ်။

နှုတ်ခမ်းလေးကို သွားနဲ့ကိုက် သွားမတိုက်တာ သိသာတယ်
မျက်စောင်းလေး ခဏခဏထိုး မျက်ချေးလေးသုတ်လိုက်ဦး
ပါးလေးကို နမ်းချင်လို့ မျက်နှာလေးသစ်ပါဦး
ဖက်ထားမယ် အမြဲတမ်းပဲ ရေလေးတော့မှန်မှန်ချိုးပါကွယ်
သီချင်းအပြည့်အစုံကိုတော့ အသံသွင်းတဲ့အချိန်မှ လျှောက်ဖြည့်လိုက်တာပါ..။ဘာမှတော့ မဟုတ်ပါဘူးဗျာ..။ အပျော်ပေါ့..။ ကျနော့်ဆရာကို နားထောင်ခိုင်းတော့ မဆိုးဘူးတဲ့။ ဒီတော့ တင်လိုက်တယ်နော်။



မောင့်ညစ်ပတ်အိုးလေး


0 comments:

Post a Comment


facebook comment


content top