content top

Thursday, October 20, 2011

ဒီဝက်ဆိုက်လေးဟာ






၂၀၀၆ ခုနှစ်မှာ ကျနော်အင်တာနက် သုံးခဲ့ပါသည်။ အဲဒီအချိန်တုန်းကတော့ blogspot တွေဟာ Acess denied ဆိုတဲ့ ပေ့စ်လေး တစ်ခုကိုပဲ မြင်တွေ့စေခဲ့သည်။ ကျနော် အွန်လိုင်းကို စသုံးတည်းက Blog ရေးသားရသည်ကို ၀ါသနာပါသည်။ ကဗျာလေးတွေကို   ပုံနောက်ခံလေးတွေနဲ့ရေးပြီး သူငယ်ချင်းတွေကို ဖတ်ခိုင်းရသည်ကို လွန်စွာမှ သဘောကျပါသည်။ ထိုစဉ်က blogspot လည်းမရ တော့ ကျနော် www.multiply.com မှာ စတင်ဘလော့ရေးသားခဲ့ပါသည်။ ပထမ ကျနော့်ရေးသားမှုတွေဟာ ကဗျာတွေချည်းဖြစ်ခဲ့ ပါသည်။ နောက်ပိုင်း ဘလော့လောကကို ကြင်လည်လာပြီးတဲ့တော့ ကျနော် web နည်းပညာထဲမှာ ဟိုကလိ ဒီကလိ နဲ့ အချိန်ကုန် ခဲ့သူတစ်ယောက်ဖြစ်လာခဲ့သည်။
    မြန်မာချက်အွန်လိုင်းဖိုရမ်ကို ၂လခန့်သုံးစွဲခွင့်ရလိုက်ပြီး ဖိုရမ်ဆိုတာကိုလည်း ခုံမင်လာခဲ့သည်။ နောက်ပိုင်းမြန်မာချက် မရှိတော့ပေမယ့် ဖိုရမ်တွေကို ကျနော်ဝင်တတ်ပါသည်။ ဒါကလည်း လိုချင်တဲ့အချက်အလက်တွေရယူခြင်းနှင့် သူငယ်ချင်းများရရှိခြင်း အတွက်ဖြစ်ပါသည်။ ကောင်းပါပြီ။ ကျနော် ရဲ့ ဒီဘလော့လေးအကြောင်းကို နည်းနည်းစပြောပါမည်။
    ဒီဘလော့လေးဟာ ကျနော့်အတွက် second generation ဖြစ်လာစေချင်ပါသည်။ အရင်က ကျနော်မာတီပလိုင်းမှာ ရေးတယ်။ မာတီပလိုင်းက java script အလုပ်မလုပ်ခြင်းနှင့် ကြေငြာဘောက်များပါဝင်လာခြင်း ကော်မန့်ပေးရန်မလွယ်ကူခြင်း ကြောင့် ကျနော် သိပ်သဘောမကျခဲ့ပါ။မာတီပလိုင်းမှာလည်း ဘလော့သူငယ်ချင်းများရရှိခဲ့ပါသည်။  ကျနော် ဘလော့ကို စပြီးတော့သိခဲ့တာ..မျိုးသူရ ရေးသားတဲ့ အဆင့်မြင့်အင်တာနက် အသုံးပြုနည်းဆိုတဲ့စာအုပ်မှာပါဝင်တဲ့ ဘလော့ဂါပြုလုပ်ခြင်းကို အထပ်ထပ်ဖတ်မိခဲ့တာပါပဲ။ သိချင်တာတွေကို သူငယ်ချင်းတွေကို မေးမြန်းတယ် ၊ ကိုယ်မသိတာကို သိအောင်ကြိုးစားခဲ့ပါသည်။ ဒီတော့ ကျနော်သိပြီလား ဆို ကျနော် သိနေပြီလို့ ကိုယ့်ကိုယ်ကို ထင်နေခဲ့တာပါ။ အခုထိ ကျနော် ( အောင်မင်းဦး ) ဘာမှ မသိသေးပါ။
    ကျနော့် ဒီဘလော့လေးကို ကျနော်ရေးသားခြင်းသည် ဒီနေ့ကဲ့သို့ အင်တာနက်ကို ကလေးငယ်မှအစအသုံးပြုလာကြ သောအခါ အွန်လိုင်း reader များ ပေါ်ပေါက်လာမည်ဟု ထင်ပါသည်။ ယခုလည်း ထိုကဲ့သို့ အသုံးချနေကြပြီဟုယူဆပါသည်။ဘလော့ဆိုတာ ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို  ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊ ပရဟိတ လုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊ လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အွန်လိုင်းများ ဘလော့ များစွာ ရှိကြပါသည်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးသားနေကြပါသည်။
    ကျနော်ကတော့ ကျနော့်ဘလော့ကို မှတ်စုသဘောမျိုးလေး ကျနော် header လေးမှာရေးထားသလို စာတိုပေစလေးတွေ ရေးသားရင်း ကောင်းရာနိုးနိုးလေးတွေ မျှဝေသွားပါမည်။ နည်းပညာတွေကို ကျနော် မကျွမ်းကျင်ပါ.။ သို့သော်သိသလောက်ဝေမျှပါ မည်။ ကဗျာ ၊စာပေ ၊ ဆောင်းပါး ကျနော် မရေးတတ်ပါ။ သို့သော် ကျနော်ခံစားမှုလေးကို ချရေးချင်ပါသည်။ ကိုရန်အောင်ရဲ့ success blogger လေးကို ဖတ်လိုက်ရတော့ ကျနော် ဘလော့ဆိုတာကို လေးနက်စွာခံစားမိပါသည်။ ဒီတော့ အနှစ်ချုပ်ပြောရရင် တော့ အိုင်တီခေတ်မှာ စာပေဖတ်ရှုရေးသားခြင်းကို အနည်းငယ်ဝါသနာပါရင် ဘလော့တစ်ခုလောက်တော့ လုပ်ကြပါလို့ ပြောချင်ပါသည်။ ကောင်းမွန်သော အွန်လိုင်း relationship ကို တည်ထောင်ကြပါလို့။ မသိသေးရင် သိတဲ့သူတွေကို ချဉ်းကပ်ပါ၊ သိပြီးရင် သိပြီးသလောက်ကို မျှဝေပေးပါ၊ အွန်လိုင်းကို ချက်တင်သက်သက် သုံးနေတာထက်စာရင် social ကျကျ သုံးစွဲနိုင်ရင် အကောင်းဆုံးဟု ထင်မိပါကြောင်း..။
    ကျနော် ဆိုက်လေးမှာတင်ထားသော အချို့သောအကြောင်းအရာများကို နည်းနည်းရှင်းပြချင်ပါသည်..။
၁။ ဆော့လ်ဝဲများဟာ ကျနော်ကိုယ်တိုင် ဒေါင်းလုပ်လုပ်ပြီးတော့ multiply server မှာ တင်ထားပေးခြင်းဖြစ်ပါသည်။ ကလစ်တစ်ချက်နှိပ်ရုံနှင့် ဒေါင်းလုပ်ကျပါသည်။ ဆော့လ်ဝဲများကို အွန်လိုင်းမှ ဒေါင်းပြီး ကျနော်နှစ်သက်မိသည်များကိုသာ တင်ပေးထားပါသည်။
၂။ နည်းပညာဗဟုသုတများသည် ကျနော်ဖတ်ရှုမိ၍ သိမှတ်ဖွယ်ရာများဟု ထင်မှတ်သည်များကို ပြန်လည် ကူးယူဖော်ပြထားသည် က များပါသည်။ ထို့ကြောင့် ကျနော်သည် တခြားသော ဘလော့များ၏ reshare တစ်ဦးဖြစ်ပါသည်။
၃။ shout mix မှာ အလည်ရောက်ရှိကြောင်း မှတ်တမ်းများရေးသားပေးကြပါ။ ကျနော့်ဘလော့အတွက် ဝေဖန်အကြံပြုချက်များကို ပေးခဲ့ကြပါလို့ တောင်းဆိုပါသည်။
၎။ တကယ်လို့ သင်ဟာ ဘလော့ရေးသူတစ်ယောက်(blogger) ဆိုရင် follow this site ကို ကလစ်ပေးထားခြင်းဖြင့် blogger dashboard ၀င်တိုင်း ဘလော့ updateကို ကြည့်ရှုနိုင်မှာဖြစ်ပါသည်။
၅။ ကူးယူဖော်ပြထားသော ဘလော့များ၏ မူရင်းရေးသားသူ creadit များ ကို သိလျှင် ပြောပေးကြဖို့ တောင်းဆိုပါသည်။
၆။ ဖေ့ဘွတ်ဝင်ထားရင် တော့ facebook comment မှာ တစ်ခုခု ရေးသားခဲ့ဖို့ တောင်းဆိုပါသည်။
၇။ပြီးတော့ တစ်ခုပြောချင်တာရှိပါသည်။ ကိုဇော်ဆိုက်မှာ ဖတ်ခဲ့တာပါ။

မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }
လေးစားစွာဖြင့်
ကိုဇော်

ဒီတော့ ကျနော့်ဆိုက်လေးမှာ တင်ထားတဲ့ ပို့စ်လေးတွေကို ကူးယူဖော်ပြလိုပါက..ကျနော် creadit ပေးထားရင် အဲဒါလေးကို ထည့်ပေးဖို့ ရယ် တကယ်လို့ မပေးထားခဲ့ရင်တော့ ကျနော့်ဆိုက်လေးကို ထည့်ပေးပါလို့တောင်းဆိုချင်ပါသည်။

၈။ ပို့စ်တွေ ရဲ့ အောက်တိုင်းမှာ Facebook Like လေးတွေ ထည့်ပေးထားပါတယ် ။ ဆန္ဒရှိရင် ကလစ်ပေးသွားကြပါလို့..။
ဖေ့ဘွတ်မှာ Like သလိုပေါ့နော်။
     အနှစ်ချုပ်အားဖြင့် ကျနော် ဘလော့ရေးသားပါမည်။ ကျနော် နောင်အလုပ်များရင်လည်း အတတ်နိုင်ဆုံးခံစားမှုလေးတွေကို ရေးဖြစ်အောင်ကြိုးစားပါ့မည်..။ ပြီးတော့ ကျနော့်လိုပဲ ဘလော့ကို ၀ါသနာပါပြီးတော့ ဘလော့ လုပ်နေတဲ့သူတွေအားလုံးကို ခင်ချင်ပါတယ်ဗျာ။ ပြီးတော့ တတ်သလောက်မှတ်သလောက်လေး ကူညီပေးချင်ပါသည်။

    နောက်ဆုံးအရေးကြီးတာ တစ်ခုပြောချင်ပါသည်။ အဲဒါကတော့ ဒိုမိန်း ပါပဲ။ ကျနော့်ရဲ့ ဆိုက်လင့်လေးပါ..။ အခုယူထားတဲ့ www.aungminooblog.co.cc  ဖြစ်ပါသည်။ တကယ်လို့ www.aungminoo.blogspot.com ကို ကလစ် ပေးရင်လည်း co.cc ကို redirect ဖြစ်ပါသည်။ဆိုလိုတာက co.cc ကသက်တမ်းတစ်နှစ်ပဲ သုံးစွဲခွင့်ရမှဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဘလော့လေးကို မျက်ခြေပြတ်သွားမှာ စိုးတဲ့အတွက်ဖြစ်ပါသည်။ ဒီတော့ ကျနော့်ဘလော့ဟာ blogspot မှာရေးထားတာပါ။
ကျနော့်နာမည်က aungminoo ပါ အဲဒါလေးသိထားပေးရင် တော့ အဆင်ပြေမယ်လို့ထင်ပါသည်။ ဒိုမိန်းဝယ်ဖို့တော့ ကျနော် စဉ်းစားထားပါသည်။ ဘလော့ လေးကို ကျနော်အားရရင်တော့ ဒိုမိန်းဝယ်ဖြစ်ပါမည်ဟု..။

    အားလုံးကို ကျေးဇူးတင် လေးစားလျက်.. ရိုးသားပွင့်လင်း လူ့အချင်းချင်း အမျက်အဤ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ကြည့်နိုင်ကြပါစေလို့ဗျာ........

            ဘယ်အရာမှ သိမ်းပိုက်မထားချင်သော
                    green

1 comments:

အောင်ကျော်ခိုင် said... Reply To This Comment

ကျွန်တော်လည်း ထိုနည်းတူပါပဲ

Post a Comment


facebook comment


content top