content top

Tuesday, October 11, 2011

အတွေးစလေးတစ်ခု

ဒီနေ့လိုမနက်စောစောလေးမှာ အတွေးစလေးတစ်ခု တွေးမိတယ်ဗျ..။

ဘာတွေးမိတာလဲဆိုတော့ ခေါင်းကိုက်တယ်လို့..။ ဘာလို့ခေါင်းကိုက်တာလဲဆိုတော့..။

ပြောပြပါ့မယ်..။ ဒီလိုပါ..။ မနေ့က မဟုတ်ဘူး ၊ တစ်နေ့က ပေါ့..။ သူငယ်ချင်းတစ်ယောက် မိန်းမယူသွားလို့

သူ့ကို တော့ အရက်မူးအောင်တိုက်ပြီးတော့ ညှင်းရမယ်လို့ တွက်ထားတဲ့အတိုင်း

အရက်ဆိုင်ကို ရအောင်ခေါ်သွားပါသည်။ ပြီးတော့ သူ့ကို မူးစေရန်အလို့ငှာ ကျနော်က ဦးဆောင်ချသည်။

သူက မမူးသွားဘူး၊ ကျနော်က ဥသြဆွဲသွားသည်..။ အဲဒီအရှိန်က ဒီနေ့ နှစ်ရက်ထိ ခေါင်းကိုက်နေသည်..။

မနေ့ကလည်း တစ်နေ့လုံးခွေနေရသည်။ အမေကလည်း ဆူသည်။ အမတွေကလည်းဆဲသည်။

ဒီတော့ ကျနော် တစ်ခုတွေးမိတာက အတွေးပေါ့နော်။

အရက်ဆိုတာ ဘာလဲ? ဘာမှ မဟုတ်ဘူး။

သေချာတာတော့ မလုပ်တာကောင်းတယ်ဆိုပြီး ဘယ်တော့မှ အရက်မသောက်တော့ဘူးလို့

ဒုတိယအကြိမ် အရက်ကို မုန်းတီးသွားပါသည်။

ကျေးဇူးတင်ပါသည်။ အမှတ်တရလေး ရေးတင်ထားတာပါ..။

0 comments:

Post a Comment


facebook comment


content top