ရွာထဲက သူများအမေတွေ သေတော့ ကျောင်းထိုင်ဘုန်းကြီးက အသုဘ ကမ္မဌာန်း စီးဖြန်းပြီး လက္ခဏာရေး သုံးပါး မြင်အောင် ထင်အောင် ရှုကြဖို့ အမြဲဟောနေ ပြောနေကျ။ သူ့မယ်တော်ပျံလည်း ကျရော ချုံးပွဲချပြီး ငိုလိုက်တာ တက်မတက် ချက်မတတ်ပဲ ဖြစ်နေသတဲ့။ ဒါနဲ့ တပည့်တွေက တရားနဲ့ဖြေပါဘုရား လို့ ၀ိုင်းလျှောက်ကြတော့ ကျောင်းထိုင်ဆရာတော်က
` ဟဲ့ သူများအမေတွေ သေတာက ဖြေလို့ရတယ်၊ ဒါက ငါ့အမေဟ ´ လို့ ပြောလိုက်တယ်တဲ့။
လူဆိုတာ ဖြေတတ်ဖို့လိုတယ် လို့ ကျနော်ထင်တယ်ဗျ ။ လောကမှာ ဖြေတတ်ရင် ပြေတယ် ။ ချေတတ်ရင် ကျေတယ်။ မဖြေနိုင်၊ မကျေနိုင်တဲ့ ဖြစ်တတ်တဲ့ လူစားမျိုးတွေဟာ တနုံ့နုံ့ ခံစားနေရပြီး နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို နစ်နာအောင်လုပ်ရင်လုပ် ၊ မဟုတ်ရင် သူတစ်ပါး ကို လူအဖွဲ့အစည်းကို နစ်နာအောင် လုပ်တတ်တယ်။ သိမ်ငယ်စိတ်ဝင်တဲ့ အစွန်းနဲ့ စိတ်ကြီးဝင်လွန်းတဲ့ အစွန်း၊ အစွန်းတရား တစ်ခုခုဘက်ကို ရောက်သွားတတ်တယ်။
လူ့ဘ၀ဆိုတာ အငိုနဲ့စပြီး အငိုနဲ့ပဲ ဆုံးရတယ်ဆိုပေမယ့် အသက်ရှင်သန်နေထိုင်တုန်းမှာတော့ အပြုံးနဲ့ နေနိုင်ဖို့ အရေးကြီးပါတယ်တဲ့။ခေါင်းပိုင်း နဲ့ အမြီးပိုင်းကို ပစ်လိုက်ရတာ အကြောင်းမဟုတ်ဘူး။ အလယ်သားက ကိုယ့်လက်ထဲ ကျန်နေရင်တော်သေးတာပေါ့။ အလယ်သားလေးပါ သောကပရိဒေ၀ လက်ထဲထိုးအပ်လိုက်ရတယ်ဆိုရင်တော့ သွားပြီ။
==========================================================================
ဖတ်မိတာလေးတွေ ကောက်ခြစ်လိုက်ပါတယ်ဗျာ။ ဒါလေးကို ဖတ်လိုက်ရင် စိတ်ထဲတစ်ခုခု အတွေးလေးဝင် သွားမယ်လို့ထင်မိပါသည်။ လောကကြီးမှာ ဖြစ်ပျက်နေကျ သဘာဝတရားတွေ အများကြီးပါ ။ အဲဒါတွေနဲ့ လူတိုင်း ကြုံကြရမှာပဲ ။ ဒါတွေက ကြိုပြင်ဆင်ထားလို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။ ၀မ်းနည်းစရာနဲ့ ကြုံတတ်မှန်းသိတယ်။ တကယ်ကြုံလာတဲ့အခါကျတော့ အဲလို သဘာဝတွေကို မသိချင်ယောင်ဆောင်လိုက် ပြီ။ ဆိုလိုတာက ဖြစ်ပျက်နေကျသဘာဝတရားကြီးထဲမှာ လိုက်လျောညီထွေ ရှိတတ်ရင် ခုနကပြောသလို ခေါင်းပိုင်းနဲ့ အမြီးပိုင်းလောက်ပဲ ပစ်လိုက်ရမှာပါ။ အလယ်သားလေး များ ပျော်ရွှင်သာယာ ကြည်နူးမှုတွေ ရယူနိုင်ကြပါစေ..။
ပြုံးစရာလေး တစ်ခု တင်ပေးထားပါသည်။ နားထောင်ကြည့်ပါဦးဗျာ..။
4 comments:
ဘယ်လိုမှ ဖြေမနိုင်သေးတာက အပြစ်တစ်ခုဆိုရင်.. အဲ့ဒီအပြစ်တစ်ခုအတွက် တစ်ချိန်မှာ ခံပါ့မယ်.. ဖြေနိုင်ခြင်းနဲ့ မဖြေနိုင်ခြင်းဆိုတာက ပြေနိုင်စရာအချက်တွေပေါ်မူတည်ဦးမှာပါ.. တာဝန်တွေအကုန်ကျေပွန်ခဲ့တဲ့ မိခင်အတွက်.. ကိုယ်က တလှည့်တာဝန်ပြန်ယူပြီး ကျေးဇူးဆပ်နေချိန်မှာပဲ.. ကိုယ့်အတွက်လုပ်ပေးရမယ့်အချိန်တွေကို ရပ်တန့်လိုက်ခြင်းခံရတယ်ဆိုရင်.. သူဘယ်လိုဖြေနိုင်မှာလည်း..?
အမရယ် မရနိုင်တော့တဲ့အရာတစ်ခုကို အကောင်းဘက်က ရှုမြင်ပေးပါလား..။
ပိုက်ဆံ1000 ကျပျောက်သွားတဲ့ လူတစ်ယောက်ဟာ ပိုက်ဆံကို နှမြောနေတာထက် ငါကျပျောက်သွားတဲ့ ပိုက်ဆံဟာ ကလေးတစ် ယောက် ကောက်ရသွားရင် သူပျော်မှာပဲဆိုပြီး ဖြေသိမ့်လိုက်တယ်..။
ဆိုလိုတာက အမ ကိုပေးဆပ်ခဲ့တဲ့ အမအမေ ဟာ အမဆီက မျှော်လင့်တာတွေ ရှိမှာပါ..အဲဒါကတော့ အမ သူ့ကို ပြန်လုပ်ကျွေးဖို့ဆိုတာ ဟုတ်မယ်လို့တော့ ကျနော်မထင်ပါဘူး ..။
အမကို သူမျှော်လင့်တဲ့တခြားတွေလည်းရှိမယ်ထင်တယ်၊ အဲဒါလေးတွေ ဖြည့်ဆည်းပေးပေါ့..။
ဘာပဲဖြစ်ဖြစ်ပေါ့ အမရယ် လူဆိုတာ တစ်ချိန်ကျရင် တော့ ၀မ်းနည်းစရာလည်းကြုံခဲ့တာကို ပြန်တွေး ၀မ်းသာဖူးတာကိုလည်း လွမ်းဆွတ်ရင်းနဲ့ မီးစာကုန်သွားကြရမှာပဲတဲ့..။
ဒါပဲနော် အမ ငါ့အမ ပျော်ရွှင်ပါစေ..။
( ပိုက်ဆံကျပျောက်တဲ့သူက တခြားမဟုတ်ပါဘူး )
ကိုယ်တိုင်လာလည်တွားပါတယ်..
ရှင်.ပုံကစာရေးသားကောင်းမယ်ပုံပါ..
လင်.လေးလဲကော်ပီတွားပါတီ(၀ါတနာကိုး)..
တခုမဟုတ်တခုကော်ပီရမှ...ဟိဟိ
နောက်လဲခနခနလာလည်ခွင်.ပေးပါ...
ကျေးဇူးအထူးတင်လျက်ဗျာ..။
ကျနော့်ကို စာရေးသားကောင်းမယ့်ပုံပဲလို့ပြောလိုက်တာ
နောက်ထပ်စာရေးဖို့အားဆေးလေးတစ်ခွက်ပါပဲ ..။
Post a Comment